နိုင်ငံခြားကျောင်းသွားတက်မည့် ကျောင်းသားများအတွက် ငွေကြေးအထောက်အထား ဘယ်လိုပြရမလဲ?
ကျောင်းသားဗီဇာအတွက် မိဘများ သို့မဟုတ် ထောက်ပံ့မည့်သူ၏ ဘဏ်စာရင်း (Bank Statement) မှာ အရေးကြီးဆုံးဖြစ်ပါသည်။ အနည်းဆုံး ၆ လစာ ငွေဝင်ငွေထွက်ပြရန် လိုအပ်ပြီး၊ ထိုငွေများမှာ မည်သည့်လုပ်ငန်းမှ ရရှိသည်ကို အခွန်စာရွက် သို့မဟုတ် လုပ်ငန်းလိုင်စင်များဖြင့် သက်သေပြနိုင်ရပါမည်။ ကျွန်ုပ်တို့သည် ငွေကြေးအထောက်အထားများကို စနစ်တကျ ပြင်ဆင်နိုင်အောင် အသေးစိတ်လမ်းညွှန်ပေးပါသည်။
